Monday, September 12, 2016

YTU Ph.D ဝင်ခွင့်စာမေးပွဲ အင်္ဂလိပ်စာလမ်းညွှန်

YTU မှာ Ph.D ဝင်ခွင့်ဖြေမယ့်သူတွေဖြေဆိုရမယ့် ဒီနှစ်အင်္ဂလိပ်စာမေးခွန်းပုံစံက မနှစ်က Ph.D မေးခွန်းပုံစံနဲ့ကွာခြားသွားတာ သတိပြုပါ။ ဆရာ/မ တစ်ယောက်ယောက်နဲ့ စနစ်တကျသင်နိုင်သူတွေရှိပေမဲ့ ကိုယ့်အားကိုယ်ကိုးကြိုးစားရမယ့်သူတွေလည်း ရှိပါလိမ့်မယ်။ ဒီတော့ ကိုယ့်ထူးကိုယ်ချွန်သမားတွေအတွက် တစ်ဖက်တစ်လမ်းက အကူအညီရအောင် အရင်ဝင်ခွင့်တွေအတွက် လမ်းညွှန်ပေးခဲ့သလို ထပ်ပြီးလမ်းညွှန်ပေးပါရစေ။

ဘယ်စာမေးပွဲကိုမဆို ဖုတ်ပူမီးတိုက်လုပ်ပြီး သွားဖြေတာထက် ကြိုတင်ပြင်ဆင်ထားမှသာ ပိုအဆင်ပြေတတ်တာမို့ အင်္ဂလိပ်စာအတွက် ပြင်ဆင်သင့်တာလေးတွေ အကြံပြုပေးချင်ပါတယ်။

ဒီနှစ်အင်္ဂလိပ်စာမေးခွန်းမှာ နံပါတ် ၈ခုပါပါတယ်။

I. Reading Comprehension
II. Cloze Type
III. Tenses
IV. Proposition
V. Affixes
VI.Word order
VII. Argumentative Writing
VIII. Essay


နံပါတ်တစ်ခုချင်းစီ ကြည့်ရအောင်။

I. Reading comprehension အတွက် ဘယ်စာအုပ်ကိုဖတ်ထားရမယ်လို့ ပေးမထားတဲ့အတွက် unseen မေးမှာဖြစ်ပါတယ်။ (အရင်တုန်းကလည်း unseen မေးပါတယ်)။ reading comprehension အတွက် ပေးထားတဲ့ passage ကို ဖတ်ပြီးနားလည်ဖို့လိုသလို မေးခွန်းက ဘာကိုတောင်းဆိုသလဲဆိုတာ ကောင်းကောင်းသိဖို့ရယ်၊ လိုချင်တဲ့အချက်အလက်တွေရွေးထုတ်နိုင်ဖို့ scan လုပ်တာတို့၊ ယေဘုယျဆိုလိုရင်းနားလည်ဖို့ skim လုပ်တာတို့ လုပ်တတ်ဖို့လိုပါတယ်။ scanning / skimming တို့ဆိုတာ အရေးပါတဲ့ စာဖတ်စွမ်းရည်တွေပါ။ စာပိုဒ်ကို တစ်လုံးချင်းနားလည်အောင် မရမကဖတ်နေမယ်ဆို အချိန်မလောက်တတ်တာကို ချင့်ချိန်ဖို့လိုပါတယ်။ ဘယ်စာတွေဖတ်ပြီးလေ့ကျင့်ရမှန်းမသိရင် IELTS က Preparation and Practice တို့ Focus on IELTS တို့က စာပိုဒ်တွေကို အမေးအဖြေလုပ်ပြီး လေ့ကျင့်သင့်ပါတယ်။ unseen မေးတဲ့အခါ ဒီလိုလေ့ကျင့်ထားဖူးရင် အဆင်ပြေပါလိမ့်မယ်။

II. Cloze Type ကလည်း ဖတ်ရမယ့်စာမပေးထားလို့ unseen ပဲဖြစ်ပါတယ်။ Cloze Type ဖြေတတ်ဖို့ဆိုရင် Eight parts of speech တွေကို နားလည်ရပါမယ်။ Noun ဆိုရင် ဘယ်နေရာထားရမယ်၊ verb ကဘယ်နေရာ၊ Adj က ဘယ်နေရာထည့်ရမယ် စသည်ဖြင့် နားလည်တတ်ကျွမ်းမှ မှန်မှန်ကန်ကန်ဖြေနိုင်ပါလိမ့်မယ်။ အခြေခံ Grammar တွေ ပိုင်ပိုင်နိုင်နိုင်ဖြစ်အောင် လေ့ကျင့်ထားသင့်ပါတယ်။

III. Tenses တွေကလည်း ကြိုတင်ဖတ်ရှုလေ့ကျင့်ထားမှသာ မှန်မှန်ကန်ကန်ဖြေနိုင်ပါလိမ့်မယ်။ ဆရာဦးသာနိုးရေးတဲ့ English Grammar for All တို့ English the easy way တို့လိုစာအုပ်တွေက self-study လုပ်ချင်သူတွေ အလွယ်တကူနားလည်ဖို့ ကူညီနိုင် ပါလိမ့်မယ်။ အင်္ဂလိပ်စာအုပ်ဖတ်ချင်ရင်တော့ Raymond Murphy ရဲ့ English Grammar in Use တို့ဖတ်ရင် နားလည်နိုင်ပါလိမ့်မယ်။ လေ့ကျင့်ခန်းလေးတွေရှာဖွေပြီး လေ့ကျင့်မှလည်း မေးခွန်းဖြေတဲ့အခါ မှန်ကန်မှာပါ။

IV. Preposition အတွက်ကတော့ ရှာဖွေမှတ်သားရပါမယ်။ အချိန်ပြတဲ့/နေရာပြတဲ့/phrasal verbs တွေက preposition အားလုံး မှတ်သားပါ။ English Grammar in Use (Raymond Murphy) ရေးတဲ့ စာအုပ်လိုမျိုးမှာ ပြည့်ပြည့်စုံစုံရှင်းပြထားတာပါပါတယ်။ ဇွဲ၊ ဝိရိယကောင်းကောင်းနဲ့ လေ့လာပါ။ ဆရာ/မ တစ်ယောက်နဲ့လေ့လာနိုင်ရင်တော့ အချိန်ကုန်သက်သာပါလိမ့်မယ်။
အချိန်ပြတဲ့ Prepostion ကတော့ ကျွန်တော် ရေးဖူးတာရှိပါတယ်။ ဒီမှာလေ့လာပါ >> https://m.facebook.com/story.php?story_fbid=1704229619819687&substory_index=0&id=1568854250023892

V. Affixes ဆိုတာက စကားလုံးတွေကို ဆက်တဲ့ -mis တို့ -ment တို့လိုစာလုံးတွေပါ။ စကားလုံးရဲ့ရှေ့မှာဆက်ရင် prefix လို့ခေါ်ပြီး နောက်မှာဆက်ရင် suffix လို့ခေါ်ပါတယ်။ ဥပမာ able ကို prefix ဖြစ်တဲ့ un ဆက်မယ်ဆို) unable လို့ဖြစ်မယ်။ enjoy ကို suffix ဖြစ်တဲ့ -able ဆက်မယ်ဆို enjoyable ဖြစ်ပါလိမ့်မယ်။ prefix ရော suffix ရော နှစ်မျိုးလုံးကို affix လို့ခေါ်ပါတယ်။ ဒါတွေနဲ့ဆိုင်တာကို No. V မှာ မေးမှာပါ။ စာအုပ်တွေ အများကြီးရှိပါတယ်။ Google ကို အားကိုးလည်း နမူနာတွေရနိုင်ပါတယ်။

VI. Word order ကတော့ ရောသမမွှေထားတဲ့ စကားလုံးတွေကို ဝါကျမှန်မှန်ကန်ကန်တစ်ကြောင်းဖြစ်အောင် တည်ဆောက်ရပါလိမ့်မယ်။ အစ စာလုံးပေးထားပါလိမ့်မယ်။ ဒါတွေကို စဉ်တဲ့အခါ S + V + O ဆိုတဲ့ ယေဘုယျ ပုံစံကို အဓိက စဉ်းစားပါ။ Sub ကို အထူးပြုမယ့် Adj လုံးချင်းလား၊ adj အစုလား စဉ်းစားပြီးတွဲပေး။ ဝါကျနှစ်ကြောင်းဖြစ်နေမယ် အကြောင်းအရာနှစ်မျိုးဖြစ်နေမယ်ဆို စကားစပ်ထည့်ပေး။ စသည်ဖြင့် စဉ်းစားပြီးလုပ်ပေးရင် အဆင်ပြေပါလိမ့်မယ်။ ဝါကျတွေကို မနိုင်မနင်းအရှည်ကြီး မမေးလောက်ဘူးလို့ မျှော်လင့်ပါတယ်။

VII. Argumentative writing ကတော့ အဆိုတစ်ခုကို မှန်မမှန်/ထောက်ခံ မထောက်ခံ ငြင်းခုံရေးပေးရတာပါ။ Ph.D ဖြေမယ့်သူတွေအားလုံးနဲ့ အကျွမ်းတဝင်ရှိမယ့် IELTS writing task 2 ပုံစံပဲဖြစ်ပါတယ်။ ကြည့်ထားရမယ့်စာအုပ်မပြောထားလို့ unseen ပါပဲ။ ကိုယ်ပိုင်ရေးရတော့မယ်ဆိုရင်-
* ပေးထားတဲ့ အဆိုကို အဓိပ္ပာယ်မပြောင်းစေဘဲ ကိုယ်ပိုင်ဝါကျသုံးပြီး နိဒါန်းပျိုးပါ။
* ထောက်ခံတယ်ဆိုရင် ထောက်ခံပုံလေး တစ်ပိုဒ်ရေးပါ။
* မထောက်ခံစရာလည်းရှိနိုင်တဲ့အတွက် တစ်ပိုဒ်ရေးပါ။ ဝါကျချိတ်ဆက်တဲ့အခါ ကိုယ်အဓိကပြောချင်တဲ့အချက် ကိုပေါ်လွင်အောင် ပါးပါးနပ်နပ် ရေးပါ။
* နိဂုံးချုပ်တဲ့အခါ ကိုယ်ယုံကြည်တဲ့အချက်ကို ထပ်ဖော်ပြပြီး ချုပ်ပါ။
* ဝါကျ/သဒ္ဒါ/စာလုံးပေါင်း သတိထားပါ။

VIII. Essay ကတော့ ဒီလိုမျိုးပါပဲ အထူးပြောဖို့လိုမယ်မထင်ပါဘူး။ ရေးတဲ့အခါ အမြဲမှန်ကန်တဲ့အကြောင်းအရာရေးတဲ့အခါ အဓိကအနေနဲ့ Present Tense၊ ပြီးခဲ့တဲ့အကြောင်းပြန်ရေးမယ်ဆို Past tense၊ အနာဂတ်အကြောင်းရေးမယ်ဆို Future tense စသည်ဖြင့် ဆုံးဖြတ်ပါ။ ကျစ်ကျစ်လျစ်လျစ် စလယ်ဆုံးညီညွတ်အောင်ရေးပါ။ အချက်အလက်ခိုင်မာပါစေ။ ဒါဆိုရင် အမှတ်ကောင်းကောင်း ရပါလိမ့်မယ်။

မေးခွန်းပုံစံက ဒါတွေကို နားလည်တတ်ကျွမ်းမှုတွေ စစ်ပါတယ်။

* Reading (No. I)
* Writing (No. VII & VIII)
* Parts of speech (No. II & IV)
* Tenses ( No. III)
* Vocabulary (No. V)
* Sentence structure ( No. VI)

ခုမေးခွန်းပုံစံက အင်္ဂလိပ်စာ တကယ်တတ်ကျွမ်းမယ်ဆို ဘာစာမှမကြည့်ဘဲဖြေလို့ရပေမဲ့ ယောင်ဝါးဝါး ဟိုကြည့်ဒီကြည့်လုပ်သွားတဲ့သူဖြေနိုင်ဖို့မလွယ်ပါဘူး။ ရည်မှန်းချက်ရှိတဲ့သူတွေအဖို့ တကယ်တတ်ကျွမ်းတဲ့ ဆရာ၊ ဆရာမတစ်ယောက်ယောက်နဲ့ လေ့ကျင့်သင်ကြားသွားတာပဲဖြစ်ဖြစ်၊ ကိုယ့်ဘာသာ လေ့လာသွားတာပဲဖြစ်ဖြစ် လုပ်ပြီးမှဖြေစေချင်ပါတယ်။

Self-study အနေနဲ့ လေ့လာချင်ရင် လေ့လာရမယ့်စာတချို့ကို ဒီ Link မှာ Download ယူနိုင်ပါတယ်။ မူလကတော့ ME သမားတွေအတွက် ရည်ရွယ်ခဲ့တာပါ။ >> https://www.mediafire.com/folder/w4ep33a1ssm9k/For_ME_Entrance
ဒေါင်းရတာ အခက်အခဲရှိရင် email ကို message box ကနေ ပို့ပေးပါ။ နာမည်/Major/မြို့ပါ ပြောပြပေးပါ။
လိုအပ်တဲ့သူကို email က တဆင့်ပို့ပါမယ်။

ဖြည့်စွက်ပြောချင်တာရှိရင် ဒါမှမဟုတ် ထပ်ပြီးတော့ သိချင်တာရှိရင် comment ပေးခဲ့ပါခင်ဗျာ။ Chat box ကနေ မေးလည်းရပါတယ်။ အကူအညီလိုအပ်မယ့်သူတွေအတွက် mention/share လုပ်တာလည်း လွတ်လပ်စွာလုပ်နိုင်ပါတယ်။ (မေးခွန်းပုံစံပြောင်းသွားတဲ့အတွက် ကူညီတဲ့အနေနဲ့ မဖြစ်မနေ မျှဝေပေးဖို့လည်း တိုက်တွန်းချင်ပါတယ်။ ခု ပြောင်းသွားတဲ့ပုံစံကို edit လုပ်ထားပါတယ်။)

ဆရာစည်သူထက်
30.10.2016

မေးခွန်းပုံစံအသစ်ကို တီချယ် ဒေါ် Aye Mon က ကျေးဇူးပြုပါတယ်။ ရန်ကုန်မှာနေတဲ့ အကူအညီလိုတဲ့သူတွေ တီချယ့်ဆီမှာ အကူအညီတောင်းနိုင်ပါတယ်။

ခု post က ပထမအကြိမ် ME သမားတွေအတွက် လမ်းညွှန်ခဲ့တာကို ပြန်လည်ပြင်ဆင်ရေးထားတာပါ။ ဒီ Link မှာ နှိုင်းယှဉ်ဖတ်ကြည့်ပေးပါ။ >>https://m.facebook.com/story.php?story_fbid=1021378917916259&id=100001324820385

ဒါက ME သမားတွေအတွက် ဒုတိယအကြိမ် လမ်းညွှန်ပေးခဲ့တာပါ။ ဒီ Link မှာ ဝင်ဖတ်ပေးပါ။ >> https://m.facebook.com/story.php?story_fbid=1039258929461591&id=100001324820385


EmoticonEmoticon