Tuesday, November 1, 2016

travel/journey/trip/voyage ဘယ်လိုကွာခြားလဲ?





travel (ခရီး) ဆိုတာက ယေဘုယျအနေနဲ့သုံးတဲ့ စကားလုံးတစ်လုံးဖြစ်ပါတယ်။ တစ်နေရာကနေ တစ်နေရာသွားလာတဲ့ ခရီးကို ဆိုလိုပါတယ်။


travel က ရေတွက်လို့ မရတဲ့နာမ် (uncountable noun) ဖြစ်ပါတယ်။

ဒီလိုမျိုးသုံးလေ့ရှိတယ်။
 air travel
 food and travel
 space travel
 business travel
 a travel agency


ဥပမာ-
(1) My interests are music and TRAVEL.
ကျွန်တော့်ရဲ့ စိတ်ဝင်စားမှုက ဂီတနဲ့ ခရီးဖြစ်ပါတယ်။
(2) Air TRAVEL is getting more expensive.
လေကြောင်းခရီးက ပိုပြီးဈေးကြီးလာတယ်။
(3) The magazine is a food and TRAVEL guide.
ဒီမဂ္ဂဇင်းက အစားအသောက်နဲ့ ခရီးသွားလမ်းညွှန်ဖြစ်တယ်။


တစ်ခါတစ်လေ travels လို့ အများကိန်းပုံစံ သုံးနိုင်ပါတယ်။ အတော်လေး ခမ်းနားတဲ့ ခရီး၊ စူးစမ်းလေ့လာရေး အစီအစဉ်တွေမှာဆိုရင် သုံးနိုင်ပါတယ်။
ဥပမာ-
He wrote a wonderful book about his TRAVELS in the Himalayas.
သူက ဟိမဝန္တာတောင်တန်းတွေမှာ သူ့ရဲ့ခရီးတွေအကြောင်း သိပ်ကောင်းတဲ့ စာအုပ်တစ်အုပ်ရေးခဲ့တယ်။


journey ဆိုတာက “ခရီးသွားလာခြင်းရဲ့ အစိတ်အပိုင်းတစ်ခု” (one “piece” of travelling) ဖြစ်ပါတယ်။ တစ်နေရာကနေ တစ်နေရာကို သွားလာတဲ့အခါ ခြုံငုံမိတဲ့အကွာအဝေးကို journey လို့ ခေါ်တာပါပဲ။ ဒီလိုမျိုးတွေပြောနိုင်ပါတယ်။

 a bus journey
 a train journey
 a journey to school
 my journey to work

ဥပမာ-
(1) Did you have a good JOURNEY? (NOT Did you have a good travel?)
ခင်ဗျားကောင်းမွန်တဲ့ ခရီးတစ်ခု ရခဲ့ရဲ့လား။
(2) I met Jane on my last JOURNEY to England. (NOT my last travel)
ကျွန်တော် ဂျိမ်းကို အင်္ဂလန်ကို နောက်ဆုံးသွားခဲ့တဲ့ ခရီးမှာ တွေ့ခဲ့တယ်။


trip ဆိုတာကတော့ တစ်နေရာကို သွားပြီးပြန်ရောက်လာတဲ့ ခရီးဖြစ်စဉ်တစ်ခုလုံးကို ဆိုလိုပါတယ်။ ခရီးသွားရတဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ (စီးပွားရေး၊ အပျော်) စတဲ့ လုပ်ဆောင်မှုပါတတ်တယ်။ ဒီလိုတွေ သုံးနိုင်ပါတယ်။
 a day trip
 a round-the-world trip
 a boat trip
 a business trip

ဥပမာ-
(1) I am going on a business TRIP next week. (I’m going on a journey and I’m going to do some business.)
ရှေ့တစ်ပတ် ကျွန်တော်စီးပွားရေးခရီးထွက်မယ်။
(2) Peter’s school is organizing a skiing TRIP to the Alps.
ပီတာရဲ့ ကျောင်းက အဲ့လ်ပ်စ် တောင်တန်းတွေကို နှင်းလျှောစီးထွက်တဲ့ခရီး စီစဉ်နေတယ်။


journey နဲ့ trip နှိုင်းယှဉ်ကြည့်ပါ။
(1) “How was your journey?” “The train broke down.”
“ခင်ဗျားရဲ့ ခရီးက ဘယ်လိုလဲ။” “ရထားပျက်သွားခဲ့တယ်ဗျာ။”
(2) “How was your trip?” “Successful.”
“ခင်ဗျားရဲ့ ခရီးက ဘယ်လိုလဲ။” “အောင်မြင်တာပေါ့။”


ပင်လယ်ရေကြောင်းခရီးရှည်ကို voyage လို့ခေါ်ပါတယ်။
ဥပမာ-
A VOYAGE around the world often took four or five years.
ကမ္ဘာတစ်ပတ်ရေကြောင်းခရီးက လေးနှစ်သို့မဟုတ် ငါးနှစ်ကြာလေ့ရှိတယ်။


ဝိဘတ်အသုံးတွေကို ဂရုပြုပါ။
 on a journey
 on a trip
 on a voyage


အကုန်လုံးကို အနှစ်ချုပ်ပြန်ပြောရမယ်ဆိုရင်- travel/journey/trip အားလုံးက မြန်မာလိုဆိုရင် ခရီးလို့ အဓိပ္ပာယ်ရတယ်။
တစ်နေရာကနေ တစ်နေရာသွားလာတာကို ယေဘုယျသဘောပြောရင် travel လို့ခေါ်တယ်။
travel ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ တစ်နေရာကနေ တစ်နေရာ အကွာအဝေးခရီးကို journey လို့ခေါ်တယ်။
(ခရီးရှည်ဖြစ်တတ်တယ်)

တစ်နေရာသွားပြီး ပြန်ရောက်လာတဲ့ ခရီးစဉ်တစ်ခုလုံးက trip ပါ။ (လုပ်ဆောင်ချက်ပါတတ်တယ်)
ပင်လယ်ရေကြောင်းခရီးဆိုရင်တော့ voyage ဖြစ်ပါတယ်။ (ခုခေတ်မှာ voyage သွားတာ မရှိသလောက်နည်းပါပြီ)


EmoticonEmoticon