တစ်ခုခုလုပ်ရတာ ကိုယ့်အတွက်ခက်ခဲတယ်ဆိုတဲ့အကြောင်း ပြောချင်ရင် It's hard for me to + (verb) ပုံစံသုံးပါ။
examples:
(1) "It's hard for me to accept what you are telling me."
မင်းငါ့ကို ပြောနေတာတွေကိုလက်ခံဖို့ ငါ့အတွက်ခက်ခဲတယ်။
(2) "It's hard for me to argue your point."
မင်းပြောတဲ့အချက်ကို ငြင်းခုံဖို့ငါ့အတွက် ခက်ခဲတယ်။
(3) "It's hard for me to concentrate on the task."
ဒီတာဝန်အပေါ်မှာ အာရုံစိုက်ဖို့ ငါ့အတွက်ခက်တယ်။
(4) "It's hard for me to consider your other options."
မင်းရဲ့တခြားရွေးချယ်စရာတွေကို စဉ်းစားဖို့ငါ့အတွက်ခက်တယ်။

ဒီလောက်ဆိုရင် It's hard for me to+ (verb) ပုံစံကို သုံးနှုန်းတတ်ပြီလို့ ထင်ပါတယ်။
ဒီတစ်ခါ လေ့ကျင့်ဖို့ပေးထားတာတွေကို အင်္ဂလိပ်လို ရေးကြည့်၊ ပြောကြည့်ပါလား။ လေ့လာတယ်ဆိုတာ တဆင့်ခံမှတ်သားနေရုံမဟုတ်ဘဲ ကိုယ်တိုင်အားထုတ်ပြီးလေ့ကျင့်ရတယ်ဆိုတဲ့အချက်ကို နားလည်ပြီးသားလို့ ယူဆပါတယ်။

လေ့ကျင့်ရန်ဝါကျများ
(1) မင်းအပေါ်မှီခိုဖို့ ငါ့အတွက်ခက်တယ်။
(2) ဒီညဘယ်သွားရမလဲဆိုတာ ဆုံးဖြတ်ဖို့ ငါ့အတွက်ခက်တယ်။
(3) ငါ့ရဲ့လုပ်ဆောင်ချက်တွေကို ရှင်းပြဖို့ ငါ့အတွက်ခက်တယ်။ (actions သုံးပါ)
(4) ဒီလောက်ဖိအားတွေအများကြီးကို ကိုင်တွယ်ဖြေရှင်းဖို့ ငါ့အတွက်ခက်တယ်။ (handle=ကိုင်တွယ်ဖြေရှင်း၊ pressure = ဖိအား)

နမူနာဝါကျများ
(1) "It's hard for me to depend on you."(2) "It is hard for me to decide where to go tonight."
(3) "It is hard for me to explain my actions."
(4)"It is hard for me to handle so much pressure."
EmoticonEmoticon