Friday, November 27, 2015

အားလပ်ချိန်မှာ လုပ်လေ့ရှိတဲ့ လုပ်ဆောင်ချက်လေးတွေ

ကိုယ့်ရဲ့အားလပ်ချိန်မှာ ဘာတွေလုပ်လေ့ရှိကြသလဲ? ကိုယ့်ရဲ့ပတ်ဝန်းကျင်/ဝါသနာပေါ်မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက်တော့ တူနိုင်မှာမဟုတ်ပါဘူး။ ဒီတော့ လုပ်ဆောင်ချက်အမျိုးမျိုးတွေကို လေ့လာကြည့်ရအောင်။ လေ့လာတဲ့အခါ အသုံးအနှုန်းလေးတွေကို ပိုပြီး ဂရုစိုက်လေ့လာပါ။

• watch TV - တီဗီကြည့်သည်
• go to the movies - ရုပ်ရှင်ရုံသွားသည်
(British English ကတော့ movie အစား cinema သုံးတယ်)
• play video games - ဗီဒီယို ဂိမ်းကစားသည် (Computer games တို့ Android games တို့ကစားချင်လည်း ဖြစ်တယ်နော်)
• listen to music - ဂီတ နားထောင်သည်
•read - စာဖတ်သည်
• surf the internet -အင်တာနက်သုံးသည်
• play an instrument - တူရိယာတစ်ခုခု တီးမှုတ်သည်
• go shopping - ရှော့ပင်းထွက်သည်
(စိတ်ပျော်ရွှင်ဖို့ ဟိုကြည့်ဒီကြည့်လုပ်၊ ဈေးလေးဘာလေးဝယ်တာကို go shopping သုံးပြီး တကယ်လိုအပ်လို့ ဝယ်ရတာမျိုးကျတော့ do the shopping သုံးရတယ်)
• do/play sport - အားကစားလုပ်
• spend time with the family - မိသားစုနဲ့အတူအချိန်ကုန်ဆုံးသည်
• go out with friends - သူငယ်ချင်းတွေနဲ့အပြင်ထွက်သည်
• study - လေ့လာသည်

 ကိုယ်ပိုင်ဝါကျလေးတွေ ဖွဲ့ပြီးလေ့ကျင့်ရအောင်။ နမူနာဝါကျလေးတွေကို ပွားပြီး ရေးကြည့်ပါ။

• I usually watch TV in the evening.
• I always go to the movies with my friends on Saturday.
• My brother often plays video/computer games.
• I like listening to music in my free time.
• I read a book before I go to bed.
• My sister surfs the internet after studying her lessons.
• Playing an instrument is a good way to spend your free time.
• Would you like to go shopping at weekends?
• You should encourage (အားပေး) your children to do sports.
• Some people like to spend time with the family.
• Whenever I am free, I go out with my friends.
• My brother sometimes study in his free time.

ဆရာစည်သူထက်


EmoticonEmoticon