“keep going" ဆိုတာ “ဆက်လုပ် / ဆက်သွား..." စတဲ့ အဓိပ္ပာယ်ရပါတယ်။ အင်္ဂလိပ်လို “continue" လို့ မှတ်ထားကြမယ်။
ဥပမာ-
“Excuse me. I'm looking for Lee's Lighting."
တဆိတ်လောက်ရှင်။ ကျွန်မ လီရဲ့ မီးဆင်ပေးတဲ့ဆိုင်ကို ရှာနေတာပါ။
“Just keep going."
ရှေ့ကိုသာဆက်သွားလိုက်ပါ။
နောက်ထပ်ဥပမာလေးတွေကြည့်ပါဦး။
A: “Can I stop running?"
ကျွန်တော်ပြေးနေတာ ရပ်လိုက်လို့ရမလား။
B: “No, keep going. You need the exercise."
မရဘူး။ ဆက်ပြေးပါ။ ခင်ဗျား ဒီလေ့ကျင့်ခန်းလိုတယ်။
A: “Should we stop working at 6 o'clock?"
ကျွန်မတို့ 6 နာရီ အလုပ်နားကြမလား။
B: “No, let's keep going until 8 o'clock."
ဟင့်အင်း 8 နာရီထိ ဆက်လုပ်ကြစို့။
ဆရာစည်သူထက်
Friday, November 27, 2015
Keep going

Subscribe to:
Post Comments (Atom)
EmoticonEmoticon