Present Continuous ရဲ့ပုံစံက ဘာလဲ၊ ဘယ်လိုသုံးရမလဲ ?
• ရိုးရိုးဝါကျမှာဆိုရင် am/is/are+ V-ing ပုံစံပါ။ ဥပမာ He's living in Thailand. သူထိုင်းနိုင်ငံမှာ နေနေတယ်။
• အငြင်းဝါကျမှာဆိုရင် am/is/are +not+ V-ing ပုံစံပါ။ (Verb to be ရဲ့နောက်မှာ not ထည့်ရတာ သတိထားပါ။) ဥပမာ I'm not living in Thailand. ကျွန်တော် ထိုင်းမှာ မနေဘူး။
• မေးခွန်းဝါကျမှာဆိုရင် am/is/are ကို Subject ရှေ့ပို့ရမှာပေါ့။ am/is/are+ Sub+ V-ing? ပုံစံပါ။ ဥပမာ Are they living in Thailand? သူတို့ ထိုင်းမှာ နေတာလား။
Present Continuous ကို ဘယ်အခြေအနေမှာ သုံးနှုန်းသလဲ?
(1) ယာယီအခြေအနေတွေ (temporary situations) ကို ပြောဖို့သုံးတယ်။
I'm studying really hard for my exams.
စာမေးပွဲအတွက် တကယ့်ကိုပြင်းပြင်းထန်ထန်ကြိုးစားနေတယ်။
My cousin is living in Thailand at the moment.
ငါ့ရဲ့ဝမ်းကွဲအစ်ကိုက လောလောဆယ် ထိုင်းမှာနေတယ်။ [အမြဲတမ်းနေတာ မဟုတ်ဘဲ လောလောဆယ်နေတာမို့ Present Continuous သုံးထားတာ။ အမြဲနေရင် My cousin lives in Thailand. ဆိုပြီး Present Simple သုံးရလိမ့်မယ်]

ဒီလိုမျိုး ယာယီသဘောနဲ့ သုံးမယ်ဆိုရင် at the moment, currently, now, ths week/month/year ဆိုတဲ့ စကားလုံးလေးတွေနဲ့ တွဲသုံးတယ်။
(2) စကားပြောနေစဉ်မှာ ဖြစ်တဲ့ လုပ်ဆောင်မှုတွေ(actions)တွေကို ပြောဖို့ သုံးတယ်။
I'm waiting for my friends.
ငါ သူငယ်ချင်းကို စောင့်နေတာ။
I'm waiting for my friends.
ငါ သူငယ်ချင်းကို စောင့်နေတာ။
(3) ဦးတည်ရာ၊ အလားအလာတွေ (trends) ဒါမှမဟုတ် ပြောင်းလဲနေတဲ့အခြေအနေတွေ (changing situations) ကိုပြောဖို့သုံးတယ်။
The internet is making it easier for people to stay in touch with each other.
လူတွေ တစ်ဦးနဲ့တစ်ဦး အဆက်အသွယ်မပြတ်နေဖို့ ပိုပြီးလွယ်ကူလာအောင် အင်တာနက်က လုပ်နေတယ်။
The price of petrol is rising dramatically.
ဓာတ်ဆီဈေးနှုန်းက သိသိသာသာ တက်နေတယ်။

ဒီအခြေအနေကို စဉ်းစားကြည့်ပါ။ ကိုယ့်ရဲ့အခန်းဖော်သူငယ်ချင်းတစ်ယောက်က မေ့တတ်တယ်။ သူ့ရဲ့ပစ္စည်းတွေပျောက်လို့ ကိုယ်က အမြဲကူရှာပေးရတယ်ဆိုပါစို့။ တစ်နေ့မှာ သူက ပစ္စည်းတစ်ခုထပ်ပျောက်တယ်။ ဒီအချိန်မှာ စိတ်ပျက်လက်ပျက်နဲ့ ကိုယ်ပြောမယ့်စကားက ဘာဖြစ်မလဲ။ `You are always losing things.´ `မင်းပစ္စည်းတွေ အမြဲပျောက်နေတာပဲ။´ ဒါပဲပေါ့။ Present Continuous ကို သုံးရတယ်။
စည်းမျည်းလေးကို ဖတ်ကြည့်ပါ။
စည်းမျည်းလေးကို ဖတ်ကြည့်ပါ။
(4) မျှော်လင့်ထားတာထက် ပိုပြီး မကြာခဏဖြစ်ပျက်နေတဲ့ အရာတွေကိုပြောဖို့ present continuous ကိုသုံးတယ်။ always, constantly, continually, forever ဆိုတဲ့စကားလုံးလေးတွေ သုံးပြီး အားကျတာ(envy) ဒါမှမဟုတ် ဝေဖန်တာ (criticise) တာကိုဖော်ပြဖို့ သုံးလေ့ရှိတယ်။
My mum's always saying I don't help enough!
ကျွန်တော်က ကျေနပ်လောက်အောင်မကူညီဘူးလို့ အမေက အမြဲတမ်းပြောနေတာပဲ။ (ဒါက မကျေနပ်လို့ ပြောတဲ့စကား)
He's always visiting exciting places.
သူက စိတ်လှုပ်ရှားစရာကောင်းတဲ့နေရာတွေ အမြဲသွားနေတာပဲ။ (ဒါက အားကျလို့ပြောတဲ့စကား)

ဆရာစည်သူထက်
Ref:
#Grammar for IELTS
EmoticonEmoticon