Friday, December 11, 2015

Present Simple

Present simple ရဲ့ပုံစံတွေက ဘယ်လိုလဲ??

 

• (ရိုးရိုးဝါကျ) … subject က တစ်ခုကိန်းဆိုရင် verb မှာ s/es ထည့်ပေးရမယ်။ subject အများဆိုရင် verb ကို ဒီအတိုင်းရေးရုံပေါ့။
ဥပမာ- He plays tennis. သူတင်းနစ်ကစားတယ်။
• (အငြင်းဝါကျ) … subject က တစ်ခုကိန်းဆိုရင် does not + verb။ subject က အများဆိုရင် do not + verb။
ဥပမာ- She doesn't play tennis.
• (အမေးဝါကျ) … subject က တစ်ခုကိန်းဆိုရင် Does+subject+verb…?
အများကိန်းဆိုရင် Do+subject+verb…?
ဥပမာ- Do you play tennis?

Present simple ကို ဘယ်ချိန်သုံးမလဲ??
[1] ပုံမှန်အလေ့အထတွေ (regular habits) ဒါမှမဟုတ် ထပ်တလဲလဲဖြစ်နေတဲ့လုပ်ဆောင်ချက်(repeated actions) တွေကိုပြောပြဖို့သုံးတယ်။
I `get up´ really early and `practise´ for an hour or so most days.
နေ့အများစုမှာ ကျွန်တော်တကယ့်ကိုအိပ်ရာစောစောထပြီး တစ်နာရီလောက်လေ့ကျင့်တယ်။
I use the internet just about every day.
ကျွန်တော် နေ့တိုင်းလောက်ကို အင်တာနက်သုံးဖြစ်တယ်။
ဒီလိုရည်ရွယ်ချက်နဲ့ ရေးရင် အကြိမ်အရေအတွက်တွေ၊ အချိန်တွေကိုဖော်ပြတဲ့စကားလုံးတွေကို ထည့်သုံးလေ့ရှိတယ်။ (e.g. always, generally, normally, usually, often, sometimes, rarely, never, every day, every evening)

[2] အမြဲတမ်းဖြစ်တဲ့အခြေအနေတွေ (permanent situations) ကို ပြောပြဖို့သုံးတယ်။
My parents `own´ a restaurant.
ငါ့မိဘတွေ စားသောက်ဆိုင်တစ်ဆိုင်ပိုင်တယ်။ (အမြဲတမ်းပိုင်နေတာလေ။ ဒါကြောင့် Present simple သုံးရတယ်)

[3] အချက်အလက်တွေ (facts) ဒါမှမဟုတ် ယေဘုယျအားဖြင့်လက်ခံထားတဲ့ အမှန်တရားတွေ (generally accepted truths) တွေပြောဖို့ သုံးတယ်။
Students `don't generally have´ much money.
ကျောင်းသားတွေမှာ ယေဘုယျ အားဖြင့်တော့ ပိုက်ဆံများများမရှိဘူး။
If you heat water at 100°C, it `boils´.
ရေကို 100°C အပူပေးရင် ဆူတယ်။
ဒီစကားလုံးတွေနဲ့ တွဲသုံးလေ့ရှိတယ်။ (generally, mainly, normally, usually, traditionally)

[4] ဘာလုပ်ဘာကိုင်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေ (instructions) နဲ့ ဘယ်ကိုသွား ဘယ်ကိုလာဆိုတဲ့ လမ်းညွှန်ချက်တွေ (directions) တွေပေးဖို့ သုံးတယ်။
You `go´ down to the traffic lights, then you `turn´ left.
မီးပွိုင့်အထိလျှောက်သွား၊ ပြီးမှ ဘယ်ကွေ့လိုက်ပါ။
To start the programme, first `click´ on the icon on the desktop.
ဒီပရိုဂရမ်ကိုစဖို့ desktop ပေါ်က icon ကို ပထမဆုံး ကလစ်လိုက်ပါ။

[5] ဇာတ်လမ်းတွေ ပြောပြဖို့နဲ့ ရုပ်ရှင်တွေ၊ စာအုပ်တွေ၊ ပြဇာတ်တွေအကြောင်းပြောပြဖို့ သုံးတယ်။
In the film, the tea lady `falls´ in love with the Prime Minister.
ရုပ်ရှင်ထဲမှာ လက်ဖက်ရည်ဆက်တဲ့အမျိုးသမီးက ဝန်ကြီးချုပ်နဲ့ ချစ်ကြိုက်သွားတယ်။

ဆရာစည်သူထက်
Ref:
#Grammar for IELTS


EmoticonEmoticon